နေ့စဉ် ဖေ့ဘုတ်သတင်းများ

Thursday, December 12, 2013

သူရိယနေဝန်းဂျာနယ်တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်သော အရေးအသားများ ဖော်ပြနေခြင်းကိစ္စ အား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းကြားခြင်း




 သူရိယနေဝန်းဂျာနယ်တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်သော အရေးအသားများ ဖော်ပြနေခြင်းကိစ္စ အား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းကြားခြင်း


၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင်ပြောင်းလဲလာသည့် စနစ်အရ စာမူများကို ကြိုတင်စိစစ် ခြင်း မပြုတော့ဘဲ လွတ်လပ်စွာ ရေးသားဖော်ပြမှု ပြုခဲ့ရာ အချို့သော ဂျာနယ်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်သော အရေးအသားများကို ဖော်ပြခဲ့ကြ၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ လိုအပ်သလို ဆက်လက် သုံးသပ်ဆောင်ရွက်ရန် အဆိုပါ ဖော်ပြချက်များနှင့် တကွ ပေးပို့ခြင်း များ ဆောင်ရွက်လျက်ရှိပါသည်။
၂။ သူရိယနေဝန်းဂျာနယ်သည် (၂၆-၁၀-၂၀၁၃)ရက်မှ စတင်ထုတ်ဝေလျက်ရှိရာ ယခုအခါ အတွဲ(၁)၊ အမှတ်(၇)အထိ ဂျာနယ်(၇)စောင် ထွက်ရှိခဲ့ပါသည်။ ထွက်သမျှ ဂျာနယ်အားလုံးတွင် ပါရှိသည့် အရေးအသား များမှာ သတင်းဂျာနယ်တစ်စောင်၏ အင်္ဂါရပ်နှင့် ညီညွတ်မှုမရှိဘဲ ပုဂ္ဂိုလ်ရေး ထိုးနှက်မှုများနှင့် လက်ရှိ အစိုးရအား ထိခိုက်စေသည့် ရေးသားဖော်ပြချက်များကို တွေ့ရှိရပါသည်။ အဆိုပါဂျာနယ်တွင် ရေးသား ဖော်ပြချက်များနှင့် ပက်သက်၍ စာပေလောကသားများကလည်း ဂျာနယ်ပါရေးသားဖော်ပြမှုများသည် စာနယ်ဇင်း ကျင့်ဝတ်များနှင့် မညီကြောင်း၊ အဝါရောင်စာပေဖြစ်ကြောင်း၊ အမုန်းစကား(Hate Speech) များဖြစ်ကြောင်းကို ဂျာနယ်များနှင့် ပြင်ပလောကတွင် ရေးသား ပြောဆိုလာကြသည်ကို တွေ့ရှိရပါသည်။ အဆိုပါဂျာနယ်၏ CEO ဖြစ်သူ ဦးမိုးဟိန်း ကိုယ်တိုင်က (၅-၁၁-၂၀၁၃)ရက်နေ့ထုတ် မော်နီတာဂျာနယ် အတွဲ(၂)၊ အမှတ်(၇၉)တွင် ပါရှိသည့် သတင်းထောက်စောဖိုးခွားနှင့် ကိုမိုးဟိန်း အင်တာဗျူး၌ သူရိယ အလင်းနှင့် သူရိယနေဝန်း ဂျာနယ်၌ ရေးသား မှုများသည် စာနယ်ဇင်းကျင့်ဝတ်ကို ဘေးဖယ်ထားကြောင်း ဝန်ခံ ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။
၃။ ထို့ပြင် သူရိယနေဝန်းဂျာနယ် ထုတ်ဝေသူ ဦးခင်အေးသည် ဂျာနယ်လျှောက်ထားစဉ်က ဂျာနယ်ထုတ် ဝေရာတွင် လိုက်နာကျင့်သုံးရန် စံနှုန်းထားများဖြစ်သော “တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးကို ပျက်ပြားစေရန်၊ ဆူပူအကြမ်းဖက်မှု များ ဖြစ်ပွားပေါ်ပေါက်စေရန် လှုံ့ဆော်ရေးသားသော ထုတ်ဝေစာများ၊ သိမ်ဖျင်းရုန့်ရင်းသော စကားအသုံးအနှုန်းများ၊ မနာလိုသော မစ္ဆရိယစိတ်ဖြင့် စွပ်စွဲခြင်းများ၊ မမှန်ကန်သော အသရေ ပျက်စေသော ကြေညာ ချက်များအားထုတ်ဝေ ခြင်းမပြုပါ” ဟုလည်းကောင်း၊ စာနယ်ဇင်းကောင်စီက ချမှတ်ထားသော စည်းကမ်းများကို လိုက်နာပါမည်ဟုလည်းကောင်း၊ ဝန်ခံလက်မှတ်ရေးထိုးခဲ့ပါသည် (နောက်ဆက်တွဲ-က)။
၄။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က (၁၃-၁၂-၂၀၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာနယ်ဇင်းကျင့်ဝတ်အမှတ်စဉ်(၇)ပါ “သတင်းရေးသားရာတွင် ရေးသားသူ၏ အာဘော် လုံးဝ မပါဝင်စေရ ၊ ဘက်လိုက် ရေးသားခြင်းမပြုရ” နှင့် အမှတ်စဉ်(၈)ပါ “ အများပြည်သူ အကျိုးစီးပွား အတွက် ရေးသင့် ရေးထိုက်သည်မှ အပ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အရေးအသား ၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ထိပါးစေသော အရေးအသားများ ရှောင်ကြဉ်ရမည် ” တို့ကိုလည်း ဖောက်ဖျက်ရေးသားလျက်ရှိကြောင်း တွေ့ရှိရပါသည် (နောက်ဆက်တွဲ-ခ)။
၅။ သို့ဖြစ်ပါ၍ သူရိယနေဝန်းဂျာနယ်၏ စာနယ်ဇင်းကျင့်ဝတ်နှင့် ဆန့်ကျင်၍ ရေးသားဖော်ပြ နေခြင်း အပေါ် စာနယ်ဇင်းကောင်စီအနေဖြင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ပါရန် သူရိယနေဝန်း ဂျာနယ် အတွဲ(၁)၊ အမှတ်(၁)မှ (၇)အထိ (၇)စောင်နှင့်အတူ ပူးတွဲပေးပို့ပါသည်။
 





Saturday, November 23, 2013

မိုးဟိန်းအရှုပ်တော်ပုံများ


-       ဒီနေ့ ရဲ့ထူးခြား သတင်းကတော့ မြန်မာပြည်က ဒိတ်ဒိတ်ကျဲ သူဌေးကြီး ဦးတေဇနဲ့ မနေ့တစ်နေ့ကမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြည်ပမှပြန်လည်ဝင်လာသ၊ူ KBZ ဦးအောင်ကိုဝင်းရဲ့ လက်ကိုင်တုတ်လို့ လူပြောများနေတဲ့ အမေရိကန်နိုင်ငံသားခံယူထားသူ မိုးဟိန်း(ခေါ်) ထောင်သူရဲဘအုပ် တို့၏ မီဒီယာ တိုက်ခိုက်ရေးတွေဟာ ပြင်းထန်လာပါတယ်။
ဦးတေဇ၏ အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ကြံဆောင်တဲ့ မီဒီယာ ကို လက်တစ်လုံးကြား လိမ်၍ နာမည်ကောင်းရယူနေသူ သူရိယနေ၀န်းကို ဦးတေဇက တရားစွဲဆိုတော့မှာ ဖြစ်ပါတယ်။
လွတ်လပ်ခါစရှိသေးတဲ့မီဒီယာကို ခုတုံးလုပ်၍ အမြတ်ထုတ်ဖို့ကြံနေသူ မိုးဟိန်းကို မီဒီယာလောက ပပျောက်သွားအောင် အပြတ်ရှင်းတော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

-       မိုးဟိန်းအကြောင်းနဲနဲ ပြောပြမယ်ဗျာ။မိုးဟိန်းအကြောင်းကို အပိုင်း ၄ ပိုင်းခွဲပြီးတော့ နားနားပြီးပြောပြပါမယ်။ဒါတွေဟာ သတင်းအမှန်လား အမှားလားဆိုတာ ဖတ်ကြည့် ဝေဖန်နိုင်ပါတယ်။

-        
အားလုံးက ကိုမိုးဟိန်းဟာ ၈လေးလုံး အရေးအခင်းကြီးတုန်းက ဗ.က.သ ထဲကနေ လှုပ်ရှားဖူးတယ်။ တကယ်တော့ မိုးဟိန်းဟာ စစ်တက္ကသိုလ် ကို တတ်ခဲ့ဖူးတာ လူသိပ်မသိကြဘူးဗျ။ မှတ်မိသလောက် DSA အပတ်စဉ် ၂၇ ဖြစ်မယ်။ ပထမနှစ်မှာတင် ပင်ပန်းဆင်းရဲလွန်းတဲ့ဒဏ်ကို ခံနိုင်ရည်မရှိလို့ ပြုတ်လာတယ်။ တကယ်တော့ မိုးဟိန်းက တော်ရုံလူမဟုတ်ဘူးဗျနော်။ ရန်ကုန်သားတွေ သိမှာပါ-ဗိုလ်ဆွန်ပက်လမ်းထဲက “ဂန္တ၀င်ရွှေပုဂံ” (စင်တင်) ဆိုင်ကို မှတ်မိကြမယ် ထင်တယ်။ မြန်မာနိုင်ငံကို ဘီယာဆိုင်မှာ စင်တင်တေးဂီတ စတင်ခဲ့တဲ့ မြန်မာ့စင်တင်ဂီတဘီယာဆိုင် ရဲ့ ဖခင်ကြီးလို့ ဆိုရမယ့် လူကြီးပေါ့ဗျာ။ မိုးဟိန်းဟာ ထောင်ထွက်ဗျ၊ မိန်းမရှိနေလျှက်နဲ့ထောင်ထဲမှာတွေ့ခဲ့တဲ့ ရှမ်းတိုင်းရင်းသူလေးတဦးကို လူပျိုဆိုပြီးလက်ထက်ခွင့် လိမ်ညာတောင်းခံခဲ့တယ်၊ ထောင်ကလွတ်လာတော့  အိမ်ထောင်ပြုခဲ့တယ်။ နောက် သားသမီး ၃ ယောက်မွေးခဲ့တယ်။ သူက ထောက်လှမ်းရေး(၇)မှာလဲ သတင်းပေး လုပ်ခဲ့ ဖူးသေးတယ်ဗျ ။ ထောက်လှမ်းရေး(၇)ကဖွင့်ထားတဲ့ Power ရေဆေးဆီထိုးလုပ်ငန်း မှာ မန်နေဂျာလုပ်ခဲ့သေးတယ်။ နောက် ၁၆ နှစ်သမီးကို အလိုမတူဘဲ ယိုးဒယားကို ခိုးပြေးပြန်တယ်။ ရှုပ်တာကတော့ တိတ်တိတ်ပုန်းတစ်မျိုး ပေါ်တင်တစ်မျိုး၊ အမျိုးမျိုးပါပဲ။


-       နောက်တော့ နိုင်ငံရေးလုပ်ရင်း ထိုင်းဘက်ကိုပြေးတယ် ။ ထိုင်းမှာ မိုးသီးဇွန်နဲ့ အတူတူနေခဲ့တယ်။ မိုးသီးဇွန် အမေရိကန်ရောက်တော့ သူ့ကို လှမ်းခေါ်တယ်။ဟိုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းပြီးနေခဲ့တယ် -အမေရိကန် နိုင်ငံသား လည်းခံယူထားတယ်။ပထမ မယားကြီးကလည်း US မှာတရားဆွဲဆိုမှုတွေဖြစ်ခဲ့ သေးတယ်ဗျာ။နောက်တော့ ပြည်ပြေးအနေဖြင့် နိုင်ငံခြားမှာ Taxi မောင်းစားခဲ့ရရှာတယ်။

-       ဟော..နောက်တော့ ဦးသိန်းစိန် အစိုးရခေတ်မှာ ပြည်ဝင်ခွင့် ပေးလိုက်တော့ ပြန်ပါလာတယ် ။ ပြန်ရောက်လာတော့ သူ့သူငယ်ချင်း ဦးယုနိုင် ကတစ်ဆင့် ၀န်ကြီး ဦးအောင်သောင်းဖြင့် ချိတ်မိပြီး မီဒီယာ လောကထဲကို ဂြိုလ်မွှေဖို့ရောက်တော့တာပဲဗျာ။ ဦးအောင်သောင်းမှ မီဒီယာ တစ်ခုပြုလုပ်ရန် တာဝန်ပေး ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်အားငွေကြေးထောက်ပံ့ပေးရန် တွဲဘက်ပေးခဲ့တယ်။ ဦးဝင်မြင့်ကလည်း သူ့သား သူရိန်ဝင်မြင့်ကို တစ်ဆင့်တာဝန်ပေးခဲ့ပြန်တယ်။ ပထမတော့သူတို့ဟာ ခေတ်မိုး နေ့စဉ်သတင်းစာ ထုတ်ဖို့ ဦးအောင်ကိုဝင်းကသိန်း ၃၅၀၀ထုတ်ပေးထားပြီး ရှယ်ယာ၅၀%ရတယ်။ ဦးအောင်သောင်းက ၂၅% ဦးဝင်းမြင့်က ၂၅%သတ်မှတ်ခဲ့ကြတယ်။မိုးဟိန်းဟာ ဦးအောင်ကိုဝင်းနဲ့ ရင်းနှီးမှုရလာပြီး သူရိယအလင်း ဂျာနယ် ထုတ်ဝေဖို့လုပ်လာတယ်။

-       နောက်တော့ အရင်ထုတ်ဝေမယ့် ခေတ်မိုးနေ့စဉ်သတင်းစာကို ရပ်ဆိုင်းပြီးတော့ ဦးအောင်သောင်းရဲ့ စီစဉ်ညွှန်ကြာချက်နဲ့ ပြည်ထောင်စုဝန်ကြီးများ၊ သူဌေးကြီးများ၏ အတွင်းသတင်းရရှိရေး ဆောင်ရွက်ခဲ့ပြီး  သူရိယအလင်းဂျာနယ်ကနေ တိုက်ခိုက်ဖို့ ဆောင်ရွက်လာတယ်။

-        


-       ဦးအောင်သောင်းရဲ့ အတွင်းသတင်းတွေ စီစဉ်ပေးမှုကြောင့်လည်း သူရိအလင်းဟာ ဝန်ကြီးတွေ ခရိနီတွေ၊ အထူးသဖြင့် ဦးအောင်သောင်းနဲ့ ဦးအောင်ကိုဝင်းတို့ရဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်တဲ့ သတင်း မီဒီယာ အဖြစ်ရပ်တည်နိုင်ခြင်းဖြစ်တယ် ။နောက်တော့ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေများလာတော့ သူတို့အဖွဲ့ထဲက အယ်ဒီတာအဖွဲ့က လူတွေဟာ CEO မိုးဟိန်းနဲ့ မတည့်ဖြစ်ပြီး ကွဲကုန်တော့တာပဲဗျို့။ ဦးယုနိုင်က အရှုပ်ရှင်းတွေများလာတော့ သူရိယအလင်းထုတ်ဝေခွင့်ကိုရပ်ဆိုင်းလိုက်ပါတယ်။ ရပ်ဆို ဒိတ်ဒိတ်ကျဲ ကိုဖိုးလပြည့်ကို သွားထိတာကိုဗျ။ နောက်ဆို ဒီထက်ဆိုးလာမယ်ဆိုတာ သိတော့ ဦးယုနိုင်က ထုတ်ဝေခွင့် ကို ရပ်ဆိုင်းလိုက်ပါတော့တယ်။

-       ဒါပေမယ့် ကောက်ကျစ်စဉ်လဲတဲ့ မြေးခွေးအကြံ နဲ့ သူရိယနေ၀န်းကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်နေတယ်။ သူရိယနေ၀န်း ဆက်လက်ရပ်တည်ဖို့ ကျတော့ မြန်မာပြည်က ကျောင်းဆရာ သူဌေးကြီး ဦးအောင်ကိုဝင်းက ထောက်ပံ့ထားပြန်တယ်ဗျာ။ မိုးဟိန်းတို့ကတော့ ကံကောင်းချက်ကတော့ ခွေးရူးကောင်းတုန် တစ်မွန်တည့် ဆိုတာ သူအတွက်ဖြစ်သွားတယ်။ ဖအေ အားကိုးဖြင့် မိုက်ချင်တိုင်း မိုက်နေတာ မိုးဟိန်းကို မီဒီယာ လောကသားတွေက ဒီအတိုင်းပဲလွတ်ထားကြတော့မှာလား?



KBZ ဘဏ်ရဲ့ ဥက္ကဌ ကတော့ ဦးအောင်ကိုဝင်း ဖြစ်တာတော့ လူတိုင်းသိကြပါတယ်။ဒါပေမယ့် Father Land တို့ Mother Land တို့ကိုထောက်ပံ့ပေးနေတဲ့ KBZ ဘဏ်ရဲ့ဒုတိယ ဥက္ကဌကို သိကြပါသလား?
KBZ ဘဏ်ဟာ မွတ်စလင် ကို အပြည့်ဝထောက်ပံ့ပေးနေလို့လဲ ကြားသိရပါတယ်။ သူကဘာလူမျိုးလဲဗျ? အခုဖြစ်နေတဲ့မိုးဟိန်းပြဿနာနဲ့ ဒီလူမျိုးရေးပြဿာနာ ဆက်စပ်မှုရှိနေသလားဆို စဉ်းစားစရာဖြစ်နေပါတယ်။ မိုးဟိန်းကတော့ ငွေရရင်ပြီးရောလေ ထောင်ထွက်လည်းဖြစ် မိုက်မိုက်ကန်ကန်နဲ့ မြှောက်ပေးရင်း လုပ်မှာပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဆိုတာ ကြည့်မှာမဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူဟာ အမေရိကန်နိုင်ငံသား ခံယူထားတာဖြစ်တယ်လေ။

သူတို့အဖွဲ့ကွဲသွားတယ်ဆိုတာလည်း မိုးဟိန်း တစ်ကိုယ်ကောင်းဆန်ပြီးတော့ သူအကျိုးစီးပွားအတွက်လုပ်ခဲ့လို့ပဲဗျာ။
ဒါကြောင့် သူ့ရဲ့အလုပ်သမားတွေ ဘယ်လိုနစ်နာမှုတွေနဲ့ ရင်းဆိုင်နေရလည်းဆိုတာ မကြာခင် သိရပါတော့မယ်။

အနှစ်ချုပ်ရရင်တော့ မိုးဟိန်းဟာ အမေရိကန်နိုင်ငံသား၊သူရဲ့ နောက်ကွယ်က လူက မိုးသီးဇွန်၊ နောက်ပြီး သူရိယနေ၀န်း ရပ်တည်ဖို့ ထောက်ပံ့ပေးနေတာက KBZ၊ KBZ ရဲ့ ဘဏ် ဥက္ကဌက ခရိုနီ ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်း၊ KBZ ရဲ့ ဒု-ဥက္ကဌကတော့ မွတ်စလင်ကို ထောက်ပံ့ပြီး အားပေးအားမြှောက် လုပ်ပေးနေသူတစ်ယောက်ပေါ့။ မိုးဟိန်းဟာ ဘယ်သူရဲ့ လက်ကိုင်တုတ်ဖြစ်တယ် (သို့) သာသနာဖျက် တစ်ယောက် ဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် စာဖတ်ပရိသတ်ကြီး သိလောက်ပါပြီး။ 

 From: တွေးမယ်ရေးမယ်

Thursday, November 21, 2013

ပြည်တွင်းသတင်း

မြန်မာသမ္မတကြီး ဦးသိန်းစိန်
မွန်ဂိုလီးယားနိုင်ငံသမ္မတအား ဂုဏ်ပြုကြိုဆို








ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော်၌ ရောက်ရှိနေသော မွန်ဂိုလီးယားနိုင်ငံသမ္မတ မစ္စတာ အယ်လ်ဘတ်ခ် ဒေါ့ဂ်ျဇတ်ခ်ဟီးလ်ယာဒ်အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၁၈ရက် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော် ဥပစာရှိ မြက်ခင်းပြင်၌ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

ဂုဏ်ပြုကြိုဆိုပွဲတွင် မြန်မာသမ္မတကြီးနှင့် မွန်ဂိုလီးယားနိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြကာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ နှစ်နိုင်ငံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သမ္မတနှစ်ဦးတို့က နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများ အပြန်အလှန်လည်ပတ်ရေး၊ ပြည်သူချင်းဆက်ဆံရေး တိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်းနှင့် သတ္တုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံ-မွန်ဂိုလီးယား ဆက်ဆံရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မွန်ဂိုလီးယားနိုင်ငံ၏ ၁၉၉ဝ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းများနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အတွေ့အကြုံများ၊ သင်ခန်းစာများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

မြန်မာ-မွန်ဂိုလီးယား သံတမန်ဆက်သွယ်မှုကို ၁၉၅၆ ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအကြိမ်သည် မွန်ဂိုလီးယားနိုင်ငံ အကြီးအကဲတစ်ဦး၏ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့် ခရီးစဉ်လည်းဖြစ်သည်။

Credit to:ကြေးမုံ

သတင်းအချက်အလက်

ပြင်ပဖုန်းဈေးကွက်အတွင်း CDMA တန်ဖိုးနည်း ဆင်းကတ်များ မရှိသလောက်ဖြစ်နေ





ရန်ကုန်မြို့အတွင်းရှိ ဖုန်းဆိုင်များတွင် CDMA တန်ဖိုးနည်းဖုန်း ဆင်းကတ်ရောင်းချမှုများ မရှိသလောက် နည်းပါးနေကြောင်း ဖုန်းအရောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြင်ပဖုန်း ဆိုင်များတွင် GSM ငွေကျပ် ၁၅ဝဝ တန်ဆင်းကတ်များသာ ဆိုင်တိုင်းတွင် ရရှိနေပြီး တချို့ ဖုန်းဆိုင်များတွင် CDMA 800 MHz ဖုန်းကို ဝယ်၍မရနိုင်သည် အထိ ဈေးကွက်အတွင်း ပြတ်လပ်နေကြောင်း သိရသည်။

''အခုက CDMA ကို ဆက်သွယ်ရေးက ထပ်မထုတ်တော့တဲ့ အတွက် ဈေးကွက်မှာ ပြတ်သွား သလိုဖြစ်သွားတယ်။ နောက်ပြီးသုံးတဲ့ သူတွေကလည်း GSM ကို ပိုကြိုက်တာကြောင့် ဆက်သွယ်ရေးက GSM ဆင်းကတ်စပေးကတည်းက CDMA ကို ဖုန်းအရောင်းဆိုင် တွေကထပ်ပြီး မဝယ်တော့တာတွေကြောင့်လည်း ပါပါတယ်'' ဟု ပန်းဆိုးတန်း (အထက်) လမ်းရှိ ဖုန်းအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။ ဖုန်းအရောင်းဆိုင်များတွင် CDMA ဖုန်းဆင်းကတ် တစ်ကတ်လျှင် ငွေကျပ်ကိုးသောင်း ငါးထောင်မှ တစ်သိန်း တစ်သောင်း ဈေးနှုန်းအထိ ရှိနေကြောင်း သိရသည်။ ယခုအချိန်တွင် GSM ဆင်းကတ် တစ်ကတ်လျှင် ငွေကျပ်တစ်သိန်း နှစ်သောင်းမှ တစ်သိန်းလေးသောင်း ငါးထောင် အထိ ဈေးနှုန်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မြ၀တီ / Zin Yaw

ဗီဒီယို

ဟာသလေးပါ။

ဗဟုသုတ

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ။




၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ

နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ

အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ

စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား

အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
credit to Career Hope Opportunity -CHO

https://www.facebook.com/PhoChitNotes

ဆောင်းပါး


သမ္မတကြီးထံသို့ အမုန်းခံ ပေးစာ
-----------------------------------



သမ္မတကြီးခင်ဗျား………………..

သမ္မတကြီး ဘာလုပ်နေပါသလဲလို့ဘဲ ပွင့်ပွင့်လင်းလင်းမေးလိုက်ချင်ပါတော့တယ်…..။
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ မန်းရေနံမြေဟာဆိုရင် နိုင်ငံရဲ့ဒုတိယအကြီးမားဆုံး ရေနံမြေ ဖြစ်ပါတယ်…………..။

တစ်နေ့ကို ရေနံစည်ပေါင်း ( ၁၅၆၀ ) စည် ထွက်ရှိပါတယ်။ ( MOGE မှ အထူး အရာရှိတစ်ဦး၏ မြန်မာ့ရေနံ Workshop တွင် တင်ပြခဲ့သောစာရင်းအရ…)

ယခင်က အမေရိကန်ကုမ္ပဏီ Baker Huges နဲ့ MOGE တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ကြပြီးနောက် US Sanction ကြောင့် အမေရိကန်ကုမ္ပဏီနဲ့ ဆက်လက်မလုပ်ကြတော့ ဘဲ မြန်မာပြည်တွင်းက ရေနံသူဌေးကြီးတစ်ဦးဖြစ်တဲ့ ” မိုက်ကယ်မိုးမြင့်” ပိုင်ဆိုင်တဲ့ MPRL ကုမ္ပဏီ နဲ့ MOGE တို့ ပြောင်းလည်းစာချုပ်ချုပ်ပြီး လုပ်ကိုင်ခဲ့ကြပါတယ်။

၎င်းတို့ချုပ်ဆိုလုပ်ကိုင်ခဲ့သည့် စာချုပ်မှာ ယခုနှစ် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် သတ်မှတ်ကာလ ပြည့်မြောက်၍ ပျက်ပြယ်ခဲ့ပြီးဖြစ်ပါတယ် သမ္မတကြီးခင်ဗျား……..။

သမ္မတကြီး၏ နိုင်ငံတကာသိထင်ရှား လူတကာအသိများနေပါသော ပွင့်လင်းမြင် သာသည့် ပေါ်လစီ၊ သမ္မတကြီးရဲ့ချစ်တပည့်ကြီး MIC ဥက္ကဌဟောင်း၊ သမ္မတရုံးရဲ့ ၀န်ကြီး( သူ့ကိုယ်သူ တတိယသမ္မတလို့ ခံယူထားသူ) ဦးစိုးသိန်း တို့ ဟောင်ဖွာဟောင် ဖွာ အော်အော်နေတဲ့ သန့်ရှင်းသော Good Governance ထုံးစံအရဆိုရင် တင်ဒါပြန် ခေါ်ပြီး နိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်တဲ့ အဖွဲ့နဲ့ ထပ်မံစာချုပ်ချုပ်ဆို ပြီး လုပ်ရမှာမဟုတ်ဘူးလား ခင်ဗျာ……………………..။

ခုတော့ ဘာအကြောင်းပြချက်တစ်စုံတစ်ရာမှ မပေး၊ တင်ဒါတောင်ခေါ်ယူခြင်း မရှိတော့လဲ လူနည်းစု တစ်စုရဲ့သဘောထား ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ဘဲ မိုက်ကယ် မိုးမြင့် ကုမ္ပဏီကိုသာ ပြန်ပြီးလုပ်ပိုင်ခွင့် ပေးခဲ့ကြတယ်။

ဒါ့ထက်ပိုပြီးရင်နာစရာ/ အံ့အားသင့်စရာ/ ခိုးရက်လေခြင်းလို့ တုန်လှုပ်စရာဖြစ် သွားရတာကတော့ အစောကတင်ပြထားခဲ့တဲ့ MOGE မှ အထူးအရာရှိတစ်ဦးပြောထား ခဲ့တဲ့ တစ်နေ့ကို ရေနံစည်ပေါင်း (၁၅၆၀) စည် ထွက်ရှိနေတဲ့ မန်းရေနံမြေကို ယခုလတ် လတ်ဆတ်ဆတ် မိုက်ကယ်မိုးမြင့်နဲ့ ချုပ်ဆိုလိုက်တဲ့ စာချုပ်အသစ်မှာ တစ်နေ့ကို ရေနံစည်ပေါင်း (၅၇၀) စည်သာ ထွက်ရှိသည်ဟု ချုပ်ဆိုလိုက်ခြင်းမှာ နိုင်ငံတော် အတွက်၊ တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် လွန်စွာမှကို နစ်နာစေခဲ့တယ် ဆိုတာကို…သမ္မတကြီးတို့ / နိုင်ငံတော်အကြီးအကဲတို့ ဘာကြောင့် မသိခဲ့ကြ တာလဲ???? သိသိကြီးနဲ့ ခွဲတမ်းရလို့ ငြိမ်နေကြတာလား ??? ပြောစမ်းးးးးးးးးးးးးးးး။ (ဆောရီးကန်တော့နော်သမ္မတကြီး ၊ စိတ်တိုသွားလို့ပါခင်ဗျာ။)

ကဲ..သမ္မတကြီး….သုံးချက်တွက်ကလေး တွက်ချက်ကြည့်ရအောင်…

မိုက်ကယ်မိုးမြင့်နှင့် MOGE တို့၏ စာချုပ်သစ်အရ…( တစ်နေ့ရေနံစည် ၅၇၀ စည်)
အမှန်တကယ်ထွက်ရှိစည်…( ၁၅၆၀ )စည်
ကွာခြားချက်……( ၁၅၆၀ − ၅၇၀ ) = ( ၉၉၀ စည် )
နိုင်ငံတကာရေနံပေါက်ဈေး = တစ်စည်လျှင် ( 100 USD)
နိုင်ငံတော်၏ တစ်ရက်ဆုံးရှုံးမှု = ၉၉၀ စည် × 100 USD = ( ၉၉ , ၀၀၀) USD
ထို့ကြောင့် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ တစ်သိန်းနီးပါး( မြန်မာကျပ်ငွေ သိန်းတစ်ထောင် နီးပါး ) နေ့စဉ် ဆုံးရှုံးနေရပါတယ်……….။

မြန်မာပြည်တွင်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ၊ သာမာန်ဝန်ထမ်းများအနေဖြင့် တစ်နေ့လျှင် သိန်းတစ်ထောင်ရအောင် ရှာရန်ဆိုသည်မှာ အိပ်မက်ပင် မမက်ဘူးကြ (သောက်ရူးလားလို့မေးရ) သည့် အခြေအနေတွင်ရှိနေကြချိန်တွင် မိုက်ကယ်မိုးမြင့်တို့ ကုမ္ပဏီမှာ မည်သူမှမသိဘဲ ၊ အစိုးရ၀န်ကြီးဌာနမှ အကျင့်ပျက်ချစားဝန်ထမ်းကြီး/ငယ်/ လတ်များနှင့် ပေါင်းကာ ခြစားပြီး ထင်တိုင်းကျဲနေကြသည့် အခွင့်အရေးကိုရရှိနေသည် မှာ ဆက်စုတ်ရွံ့ရှာဖွယ် အံ့သြဖွယ်ကောင်းလှပါပေတော့သည်…………..။

ထို့ထက်ပိုဆိုးသည်မှာ မိုက်ကယ်မိုးမြင့်ပိုင် MPRL ကုမ္ပဏီကဘဲ ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပြီး ကုန်းတွင်းပိုင်း လုပ်ကွက်များအား ပြောင်ပြောင် တင်းတင်းပင် လေးကွက်ပြိုင် လေးကွက်စလုံးနိုင် ပုံစံမျိုးဖြင့် လုပ်ပိုင်ခွင့်ကို ထပ်မံရယူ သွားခဲ့ပြန်ပါတယ် ………..သမ္မတကြီးခင်ဗျား…………….။

ပွင့်လင်းမြင်သာမှု/ လာဘ်လာဘကင်းစင်သန့်ရှင်းသော အစိုးရဟု သမ္မတကြီးက မိန့်ခွန်းပြောတိုင်း ထည့်ပြောနေသော်လည်းဘဲ စွမ်းအင်ဝန်ကြီးဌာနသည် တင်ဒါတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အမေရိကန်၊ သြစတြေးလျ စသည့်နိုင်ငံကြီးများမှ ရေနံကုမ္ပဏီ များအား မည်သို့မည်ပုံ တင်ဒါရွေးချယ်သည်ကို ပွင့်လင်းမြင်သာစွာရှင်းလင်းခြင်းမရှိဘဲ လာဘ်သိပ်ထိုး လုပ်ခဲ့ကြခြင်းဖြစ်ပါတယ်…….။

သမ္မတကြီးခင်ဗျား…………..
မြန်မာနိုင်ငံဟာ ဘက်စုံပြုပြင်ပြောင်းလဲမှု ( All Sectors Reform) လုပ်နေချိန် တွင် တာဝန်ရှိဝန်ထမ်းများ၏ အကျင့်ပျက်ချစားမှုများရှိနေခြင်းကြောင့် မြန်မာနိုင်ငံ အတွက် ရေရှည်အကျိုးဖြစ်ထွန်းမှု ရှိမည့် ရင်းနှီးမြှုပ်နှံမှုများ မလာတော့ဘဲ မိမိကိုယ် ကျိုးမျှော်အတွက် အတ္တကိုရှေ့တန်းတင်သည့် ရင်နှီးမြှုပ်နှံမှုများသာ ၀င်ရောက်လာ တော့မည့်အခြေအနေကို ရင်နာနာနဲ့ ထိုင်ကြည့်နေရပါတော့တယ် ခင်ဗျား………။

နိဂုံးချုပ်အနေနဲ့ ယခုတလောလူကြိုက်များစိတ်ဝင်စားနေတဲ့ သမ္မတကြီးရဲ့လစာ အပြည့်အ၀မယူဘဲ လျော့ယူနေတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး လာဘ်စားချစားမှုမဖြစ်စေရန် ဆိုတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို နိုင်ငံတကာအဆင့်မှီလစာများ ဥပဒေနဲ့အညီပေးထားပါသော်လည်း အားလုံးက လျှော့ယူနေကြခြင်းအပေါ် အကောင်းမမြင်ဘဲ “ လျော့ယူမှာပေါ့ …သူတို့အားလုံး ခွဲတမ်းတွေရနေကြတာကိုး……” လို့ ပြည်သူတွေက ထင်မြင်နေကြခြင်းအပေါ် သမ္မတကြီးအနေနဲ့ “ ငါသူခိုးမဟုတ်ဘူးကွ ၊ သူခိုးတွေကိုလည်း လက်မခံဘူးကွလို့ “ ကြွေးကြော်နိုင်ပါရန် ယခုလို သူခိုးများနဲ့ ပေါင်းစားနေကြခြင်းအကြောင်းကို သမ္မတကြီး တစ်ယောက်သိနိုင်/အရေးယူနိုင်ပါစေရန် အမုန်းခံ၍ ပြည်သူများကိုယ်စားပေးပို့လိုက် ရပါသည် သမ္မတကြီးခင်ဗျား……………….။

( J.J Michael)