နေ့စဉ် ဖေ့ဘုတ်သတင်းများ

Thursday, November 21, 2013

သတင်းအချက်အလက်

ပြင်ပဖုန်းဈေးကွက်အတွင်း CDMA တန်ဖိုးနည်း ဆင်းကတ်များ မရှိသလောက်ဖြစ်နေ





ရန်ကုန်မြို့အတွင်းရှိ ဖုန်းဆိုင်များတွင် CDMA တန်ဖိုးနည်းဖုန်း ဆင်းကတ်ရောင်းချမှုများ မရှိသလောက် နည်းပါးနေကြောင်း ဖုန်းအရောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြင်ပဖုန်း ဆိုင်များတွင် GSM ငွေကျပ် ၁၅ဝဝ တန်ဆင်းကတ်များသာ ဆိုင်တိုင်းတွင် ရရှိနေပြီး တချို့ ဖုန်းဆိုင်များတွင် CDMA 800 MHz ဖုန်းကို ဝယ်၍မရနိုင်သည် အထိ ဈေးကွက်အတွင်း ပြတ်လပ်နေကြောင်း သိရသည်။

''အခုက CDMA ကို ဆက်သွယ်ရေးက ထပ်မထုတ်တော့တဲ့ အတွက် ဈေးကွက်မှာ ပြတ်သွား သလိုဖြစ်သွားတယ်။ နောက်ပြီးသုံးတဲ့ သူတွေကလည်း GSM ကို ပိုကြိုက်တာကြောင့် ဆက်သွယ်ရေးက GSM ဆင်းကတ်စပေးကတည်းက CDMA ကို ဖုန်းအရောင်းဆိုင် တွေကထပ်ပြီး မဝယ်တော့တာတွေကြောင့်လည်း ပါပါတယ်'' ဟု ပန်းဆိုးတန်း (အထက်) လမ်းရှိ ဖုန်းအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။ ဖုန်းအရောင်းဆိုင်များတွင် CDMA ဖုန်းဆင်းကတ် တစ်ကတ်လျှင် ငွေကျပ်ကိုးသောင်း ငါးထောင်မှ တစ်သိန်း တစ်သောင်း ဈေးနှုန်းအထိ ရှိနေကြောင်း သိရသည်။ ယခုအချိန်တွင် GSM ဆင်းကတ် တစ်ကတ်လျှင် ငွေကျပ်တစ်သိန်း နှစ်သောင်းမှ တစ်သိန်းလေးသောင်း ငါးထောင် အထိ ဈေးနှုန်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မြ၀တီ / Zin Yaw

No comments:

Post a Comment