(ခုမှ လွတ်လပ်ခါစ ရှိသေးတဲ့ မီဒီယာလောကဟာ သူကြောင့် အမဲစက် စွန်းထင်းကုန်ပြီးကွာ)
ကိုယ်မွေးသည့်မျောက်ကိုယ့်ပြန်ခြောက်ခြင်း မိုးဟိန်း၏နောက်ကြောင်း ပြည်ပမှ ပြန်လည်ရောက်ရှိစဉ် ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားရင်ကြားစေ့ရေး
၊ ခေါင်းစဉ်လှုပ်ရှားရန် သူငယ်ချင်းဖြစ်သူ ယုနိုင် မှတဆင့် ဦးအောင်သောင်း
နှင့် ဆက်သွယ်ခဲ့ကြောင်း။ - (၄)ကြိမ်ခန့်တွေ့ဆုံပြီး ဦးအောင်သောင်း မှ
ပြည်ပရောက် ABSDF အဖွဲ့များပြန်လည်ခေါ်ယူရေးအတွက် ငွေကြေး
ထောက်ပံ့စေခိုင်းခဲ့ကြောင်း။ - ABSDF အဖွဲ့နှင့် ဆက်ဆံရာတွင်
အကြံဥာဏ်တောင်းခံခဲ့ကြောင်း။ - ဦးအောင်သောင်း မှ Media တစ်ခုပြုလုပ်ရန်
တာဝန်ပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် အားငွေကြေး ထောက်ပံ့ပေးရန်
တွဲဘက်ပေးခဲ့ကြောင်း၊ ဦးဝင်းမြင့် မှ သားဖြစ်သူ သူရိန်ဝင်းမြင့် အား
တာဝန်ပေးအပ်ခဲ့ ကြောင်း။ - သူရိန်ဝင်းမြင့် မှ ရွှေအုန်းပင် အိမ်ရာ
တွင်နေရာချပေးခဲ့ကြောင်း။ - ဆရာကျောင်း(ဦးအောင်ကိုဝင်း) မှ
ငွေကျပ်သိန်း(၃၅၀၀)ထုတ်ပေးပြီး ကျန်သူများအား နှုတ် Share အဖြစ်သတ်
မှတ်ခဲ့ကြောင်း၊ (၅၀%) Share ယူထားပြီး (၂၅%)ဦးအောင်သောင်း ၊
(၂၅%)ဦးဝင်းမြင့် သတ်မှတ်ခဲ့ကြောင်း။ - "ခေတ်မိုး" နေ့စဉ်သတင်းစာထုတ်ဝေရေး
ဦးဖိုးသောကြာ နှင့်ဆောင်ရွက်ခဲ့ကြောင်း၊CEO အဖြစ်တာဝန်ယူခဲ့ပြီး တစ်လ USD
1000 နှင့် (၁)နှစ် စာချုပ်ချုပ်ဆိုခဲ့ကြောင်း။ - ဆရာကျောင်း
နှင့်ရင်းနှီးမှုများလာပြီး သူရိယအလင်းဂျာနယ် ထပ်မံထုတ်ရန်
ညှိနှိုင်းအောင်မြင်ခဲ့ကြောင်း။ - "ခေတ်မိုး" နေ့စဉ်သတင်းစာ နှင့်
ဂျာနယ်ကို ရပ်ဆိုင်းခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ ၊ သူဌေးကြီးများ၏
အတွင်းသတင်းရရှိရေးဆောင်ရွက် ခဲ့ပြီး လူထုသို့ဖွင့်ချရန် ဦးအောင်သောင်း မှ
Guideline ပေးခဲ့ကြောင်း။ - ယခုအခါ ပြည်ထောင်စုဝန်ကြီးတစ်ဦး နှင့်
ဒေါက်တာ ကံဇော် ထံသို့ဖုန်းဆက်၍ ဓါတ်ပုံအထောက်အထားများ ရှိနေကြောင်း၊
အမျိုးသမီးကိစ္စ များဖြစ်ကြောင်း ပြောဆိုခြိမ်းခြောက်ကာ
ငွေတောင်းခံမှုရှိကြောင်းသိရ။ - ၀န်ထမ်းများ နစ်နာကြေးပေးရန်
ဦးအောင်ကိုဝင်း ထံမှ ကျပ်သိန်း(၁၀၀၀)တောင်းထားကြောင်းသိရှိရ။ -
ဝန်ထမ်းများကိုလျော်ကြေးပေးရာတွင် ကျပ်သိန်း(၁၀၀)ခန့်သာ
အသုံးပြုခဲ့ကြောင်း။ - တရုတ် ၁၀၀ အုပ်စု မှ
ကျပ်သိန်း(၁၀၀၀)တောင်းခံရရှိခဲ့ကြောင်းသိရှိရ။
From:Min Burma
No comments:
Post a Comment