Monday, June 17, 2013
Lamborghini နှစ်ငါးဆယ်ပြည့် အမှတ်တရ Veneno
Lamborghini နှစ် ၅၀ ပြည့်အမှတ်တရ အနေနဲ့ တီထွင်ဖန်တီးလိုက်တဲ့ ကားလို့ ဆိုပါတယ်။
Lamborghini Veneno လို့ အမည်ပေးထားပြီး ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း အပြင် ဘော်ဒီဖရိန်က ထူးထူးခြားခြားပြောင်းလဲနေမှာ ဖြစ် ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု ၇၅၀ ရှိတဲ့ အားကြီး အင်ဂျင်ကို အသုံးပြုပြီး ဆလင်ဒါ V ၁၂လုံးပူးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အမြန် ဆုံး မောင်းနှင်နိုင်မှု တစ်နာရီ မိုင် ၂၀၀ အထက်မှာ ရှိပါတယ်။
ယခင် ထုတ်လုပ်နေကျ Lamborghini များထက် ပိုပြီးထူးခြားသွားတာက ဒီဇိုင်းပိုင်းမှာ ဖြစ်ပြီး Performance က နောက်ဆုံးမော်ဒယ် Lamborghini Aventador နဲ့ အခြားကားတွေလိုပဲ ဖြစ်ပါတယ်။ နှစ်ယောက်စီး Veneno ရဲ့  ကာလပေါက်ဈေးဟာ အမေရိကန်ဒေါ်လာ ၅သန်းဝန်းကျင်နဲ့ ၂၀၁၄ မှာ ရောင်းချ မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
ရိုးရာလေး Automobile
ZinYawNews
Subscribe to:
Post Comments (Atom)
No comments:
Post a Comment